Comments Off
ဝင်းထိုး xp အတက်နဲ့ အကျကိုမြန်အောင်လုပ်ကြည့်ရအောင်ဗျ
လုပ်နည်းတွေများပေမဲ့ အခုပြောမည်အပိုင်းမှာ registry အပိုင်းကို
လုပ်မှာမို့ အမှားသိပ်မခံတဲ့အပိုင်းပါ..၊လုပ်ကြည့်မယ်ဆိုရင် သေချာ
ပိုင်နိုင်စွာ ကြိုးစားပြီးလုပ်ကြည့်ပေါ့….။သိပ်မကြောက်ပါနဲ့…ကဲစမယ်နော်……
ပထမဆုံး windows key+R တွဲနှိပ်လိုက်ပါ…။ဘောက်တစ်ခုကျလာမယ်။အဲသည်ထဲမှာ
regedit ရိုက်ပြီး enther ခေါက်လိုက်ပါနော်….။ပထမဆုံး အတက်မြန်တဲ့နည်း
start မြန်တဲ့နည်းလေးမို့ သွားမဲ့လမ်းကြောင်းလေးက HKEY_LOCAL_MACHINE
>>SYSTEM >> CurrentControlSet >> Control >>
Session Manager >>
Memory Management >> Prefetchparameters ကို နှစ်ချက်နှိပ်လိုက်ပါ။ဘေးမှာရှိတဲ့ Box ထဲမှာ EnablePrefetcher ဆိုတာကို right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်ပါပြီဗျာ။

နောက် ကွန်ပျူတာပိတ်တာ(shutdown)မြန်အောင်လုပ်နည်းလေးကလဲ အထက်ကတိုင်းပဲ
regedit ကိုသွားပါ။ ဆက်လုပ်ရမည့် လမ်းကြောင်းလေးက
HKEY_CURRENT_USER>> Control Panel >> Desktop
ထိရောက်အောင်သွားရအောင်နော်…..
ဘေးမှာရှိတဲ့ Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးရမှာပါ။
ကြိုက်သလို ပြောနိုင်ပါတယ်။ဒါပေမဲ့ အ၇မ်းမြန်ချင်တယ်ဆိုပြီး အတိုင်းထက်အလွန်တော့ မလုပ်လိုက်ပါနဲ့ခင်များ။နှစ်ခုလုံး လုပ်ပြီးရင်တော့ restart ချပေးရမှာပါ…..။ မြန်နေတာကိုတွေ့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်……..စည်သူကျော်မင်း။မှကူးယူထားပါတယ်

No comments:
Post a Comment