Comments Off
ဗိုင်းရပ်အကြောင်းလေး ဆွေးနွေးချင်လို့ပါ
ကျွန်တော် ဗိုင်းရပ်အကြောင်းလေး စဉ်စားလိုက်တိုင်း ရယ်စရာလေးတွေရော၊ ငိုစရာလေးတွေရော စိတ်ထဲမှာပေါ်လာတယ်ဗျ။ရယ်စရာဆိုတာက ဗိုင်းရပ်သတ်ရင်းနဲ့ စက်ကောင်းသွားလို့ပျော်လို့ရယ်တာရယ်။နောက် ငိုရတာကိုတော့ ဗိုင်းရပ်သတ်ရင်း လက်လွန်သွားလို့ windows တက်မလာလို့ ငိုရတာပါပဲ ……ကိုယ်စက်နဲ့ ကိုဆို သိပ်အကြောင်း ကိစ္စမရှိဘူး။သူမျာစက်တွေမို့ပေါ့ ပြသနာကတော့ အကြီးအကျယ်တက်ခဲ့တာလဲရှိခဲ့ပါတယ်။ကျွန်တော် အခက်အခဲလေးတွေရှိခဲ့တယ်ပေါ့။အခုလိုလဲ အင်တာနက်ဆိုတာ ကောင်းကောင်းမသုံးတတ်တော့ပေါ့။အကြောင်းတစ်ခု သိချင်ရင် မရှာတတ် မဖွေတတ်နဲ့ပေါ့။နောက်စာအုပ်ဆိုတာလဲ မစုံဆိုရင် မရှိသလောက်ပေါ့လေ။အဲသည် အခက်အခဲလေးတွေကို စာနာမိလို့ ကျွန်တော်ဖတ်မိသမျှ တွေ့ကြုံခဲ့ရသမျှတွေကို မျှဝေချင်ခဲ့တာပါ။ဆရာကြီးမဟုတ်သလို ဆရာလုပ်တာလဲမဟုတ်ရပါဘူး။စေတနာနဲ့ သဒ္ဒါပဲရှိတာပါ။ဟီး …..ပြောမိရင်းနဲ့စကားကြောက ရှည်သွားတယ် …..sorry နော်….ဘာတဲ့ ဘယ်ရောက်သွားပြီလဲ အဟဲ ဗိုင်းရပ်အကြောင်းလေးပါ။ဟုတ် ….အဟမ်း…..အဟမ်း…ှ
ဗိုင်းရပ် ဆိုတဲ့အဓိပါယ်လေး အရင်ပြောချင်သေးတယ်ဗျ
ဘာလဲဆိုရင် ကွန်ပျူတာ system တွေကိုဖျက်ဆီးပစ်တဲ့ software တစ်မျိုး (သို့မဟုတ်) firmware တစ်မျိုးလို့ပဲဆိုကြပါဆို။သူက ဘယ်သူမှ မခိုင်းပဲ ကွန်ပျူတာရဲ့အစိတ်အပိုင်း နေရာအနှံ့ကို ပျံနံသွားစေနိုင်ပါတယ်။ပျံနှံ့တာနဲ့ပဲ သူ အစွမ်းက ထက်တယ်ဗျ။အရေးကြီးတဲ့ ကွန်ပျူတာ system fine တွေ သိမ်းထားတဲ့ အရေးကြီးတဲ့ ဖိုင်တွေ (folder) ဖိုဒါတွေကို ပွါးပစ်တာ၊ ဖြောက်ပစ်တာ၊ အလွယ်တစ်ကူမမြင်နိုင်အောင်လုပ်ပစ်တယ်။နောက် စက်တွေကိုလေးလံသွားစေတယ် ဟန်းပြီးရပ်သွားစေတဲ့အထိပေါ့ဗျာ။နက်ဝက်ကတဆင့် ပျံနှံ့ပြီး တခြားစက်တွေရဲ့ အရေးကြီးတဲ့ ဖိုင်တွေ အချက်အလက်တွေ ခိုးယူသွားနိုင်တယ်။ဖျက်နိုင်ပါတယ်။ဆိုးကျိုးပေးတဲ့ အရာမို့သူ့ကို (virus ) ဖိုင်းရပ်လို့ခေါ်ကြပါတယ်။ဒါပေသိလဲဗျာ အနာရှိတော့ ဆေးကတော့ရှိရစမြဲပဲလေ။ဖျက်ဆီးပစ်တဲ့ သက်ရှိအကောင်မဟုတ်တဲ့ ကွန်ပျူတာ ပိုးလေးပဲဆိုကြပါဆိုဗျာ။attach လုပ်ထားတဲ့ program fine တစ်ခု လို့ပဲ ဆိုကြပါဆို့ဗျာနော် အတိုချုပ်ပေါ့…။
တွေ့ဖူးသမျှ အမျိုးအစားတွေထဲက အနည်းငယ်တော့ပြောခွင့်ပြုပါနော်…အားလုံးတော့လဲမတတ်နိုင်ဘူးကိုး
Autorun.inf virus,Recycler,chrome.exe, csrcs.exe or csrsc.exe virus, msblast.exe, Trojan, Trojan House,Worm,Bootsector virus,Macro virus, system.bat,flashy.com စသည်ဖြင့်ပေါ့ ။အများကြီးရယ်ပါ သန်းချီရှိနိုင်ပါတယ်…။
ကဲပြောစရာတွေမျးနေလို့ အကျိုးလေးရှိသလောက် ရှိသွားအောင် autorun.inf ဆိုတဲ့ virus ဆိုတာလေးအရင်သတ်ကြည့်ရအောင်ဗျာ။နည်းတွေတော့များတယ်ဗျ ကြိုက်ရာလုပ်နိုင်ပါတယ်။ပထမဆုံး သည် စာလုံးလေးတွေကို copy ကူးယူလိုက်ပါလား။
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
အထက်ကစာလုံးလေးတွေကို notepad ဖွင့်ပြီး ကူးထည့်လိုက်ပါ။နောက် save သိမ်းလိုက်ပါ။stick ထဲမှာ ဆိုလဲ သိမ်းလိုက်ပါ။ဖိုင်နာမည်နောက်မှာ .bat နဲ့ ဆုံးသတ် သိမ်းလိုက်ပါ။ ဥပမာ koko.bat ဆိုပါတော့ဗျာ။အဲသည်ဖိုင်းကလေးကို နှစ်ချက်နှိပ် ဖွင့်လိုက်တယ်ဆိုရင်ပဲ recycler , autorun.inf ဆိုတဲ့ ဗိုင်းရပ်လေးများရှင်းနိုင်ပါတယ်………
နောက်တစ်နည်းပေါ့
ကုတ်တင်လေးက သည်အတိုင်းလေးပါ
(Notepad မှာ copy ကူးထည့်ရမှာပါ)
သိမ်းတဲ့အခါမှာ run.bat ဆိုတဲ့ နာမည်လေးနဲ့ သိမ်းရမှာပါ။အောက်က စလုံးလေးတွေပါ
copy kb.bat C:\
copy kb.bat D:\
copy kb.bat E:\
copy kb.bat F:\
copy kb.bat G:\
start C:\kb.bat
start D:\kb.bat
start E:\kb.bat
start F:\kb.bat
start G:\kb.bat
cls
pause
del /q C:\kb.bat
del /q D:\kb.bat
del /q E:\kb.bat
del /q F:\kb.bat
del /q G:\kb.bat
cls
exit
လုပ်ကြည့်ပါနော်
အကောင်းနောက်တစ်နည်းပေါ့နော်
သည်လိုဗျ
ကွန်ပျူတာရဲ့ safe mode ကနေ windows တက်ပြီး သတ်မှာပါ။ပထမဆုံး စက်ကို restart ချလိုက်ပါ။ပြန်အတက်မှာ ကွန်ပျူတာ f8 ကိုနှိပ်ပေးလိုက်။ အဲသည်မှာရွှေးစရာ တွေက start windows normally စသည်ဖြင့် ၉ ကြောင်းလောက်ရှိရာမှာ အပေါ်ဆုံးအကြောင်း safe Mode ဆိုတဲ့အကြောင်းလေးကို ရွေးလိုက်ပါ။နောက် windows တက်လာရင် start>>Run >>cmd ရိုက်ပြီး command prompt ကိုဖွင့်ပြီး မိမိ device ရိုခေါ်လိုက်ပါ။ဥပမာ D: ဆိုပြိး enter ခေါက်ခေါ်လိုက်ပါ။ရောက်လာရင် နောက် attrib –h –r –s autorun.inf နောက် Del –h –r –s autorun.inf နောက် ကွန်ပျူကို restart ချပေးလိုက်ပါနော်….
နောက်နည်းလေး တစ်မျိုးဆိုပါတော့(သည်software လေးကိုအရင်းဒေါင်းပြီးသုံးကြညပါလင့်ပေးလိုက်မယ်နော်…www.cherrymyay.com/wp-content/uploads/2012/03/ProcessExplorer.zip ။ အထက် နည်းနဲ့အဆင်မပြေရင်ပေါ့ cmd ခေါ်ပါ။ D အပိုင်းဆိုရင် D: ရှိက် ခေါ်ပါ။enter ခေါက်ပါ။D:\del /f/a/s autorun.inf ဆိုပြိးဆိုင်ရာ နာမည်များအစားထိုးရိုက်ဖျက်နိုင်ပါတယ်…… ကြိုက်ရာကိုသုံးနိုင်ပါတယ်။ နောက် ကွန်ပျူကို restart ချပေးလိုက်ပေါ့။
နောက် software ကလေး သုံးသတ်နိုင်ပါတယ်…..အဲသည်software ကလေးက PANDA ကွန်ပျူတာကို autorun ကို disable လုပ်ပေးနိုင်ပါတယ်။
အဲလောက်ဆိုရင်တော့ ဖျက်လို့မရတဲ့ အကောင်လေးတွေ ဟီး ဖျက်လို့ရလောက်ပြိထင်ပါတယ် ။ ဖျက်လို မရတဲ့ အကောင် ဘယ်အကောင်လဲဆိုတော့ virus အကောင်ကိုပြောတာပါနော်….အထက်နည်းတွေဖျက်မရလဲရင်လဲ ဘာမှ မပူပါနဲ့ နောက်ထပ် ရှိသေးတယ် ရိုးရိုးလေးလို့ထင်ပါတယ် ။ဖျက်မရတာ ဘာလို့မရတာလဲ ။သူက ကွန်ပျူsystem အပိုင်းတွေ run နေလို့ပါ။သည် software လေးသုံးကြည့်ပါလား။unlocker ဆိုတာလေးပါ။သူ က ဖျက်မရတာတွေကို ဖျက်ပေးနိုင်စွမ်းပါတယ်။လင့်က သည်မှာပါ။http://www.mediafire.com/?sut3b48zyhel5za ဒါလေးကိုဒေါင်းပြီး install လုပ်လိုက်ပါနော်။ကြယ်ပုံစံလေးနဲ့ကွန်ပျူအောက်ဘက်မှာတွေ့နိုင်ပါတယ်။active ဖြစ်ရင် ပြင်ချင်တဲ့၊ဖျက်ချင်တဲ့၊ del နဲ့ rename ပြောင်းနိုင်ပါတယ်။လုပ်ချင်တာပေါ်မှာ righit click လုပ် ကြယ်ကလေးကိုနှိပ်လိုက်ပါ။နောက် unlocker ဆိုတာနောက် box တစ်ခုကျလာမယ်။noactive ဖြစ်နေရင် လိုသလို ပြောင်းနိုင်ပါပြီ။ကြိုက်သလိုလုပ်နိုင်ပါပြီလို့ပြောချင်တာပါ။စမ်းကြည့်လိုက်ကြပါဦးနော်…..ပျော်စရာကောင်းတယ်ဗျ …
နောက်လဲဆက်ရေးခွင့်ပြုပါ ….မြန်မာနိုင်ငံသားအားလုံးအဆင်ပြေပါစေရန် ရည်ရွယ်မျှဝေခြင်းပါ။ စည်သူကျော်မင်း///မှကူးယူထားပါတယ်